Monday, October 27, 2008

ကစားပွဲ

သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြတဲ့ပွဲ...
မာနတွေ အာဃာတတွေဖုံးလွှမ်းနေတဲ့ပွဲ...
လောဘတွေကို အရည်ကျိုသောက်
ဒေါသတွေကို ဖွင့်ဟတဲ့ပွဲ...
မောပန်းနွမ်းနယ်မှုတွေကို လျစ်လျူရှု
တပ်မက်မှုကို ဦးတည်တဲ့ပွဲ...
လောကဓံရဲ့ နှစ်မြှုပ်မှုမှာ
ခါးစည်းခံရတဲ့ပွဲ...
မျက်စိတစ်မှိတ် တစ်ခဏမှာ
ရလဒ်တွေ ဗြောင်းဆန်နိုင်တဲ့ပွဲ...

ဒ်ီပွဲက နှုတ်ထွက်ဖို့ကြိုးစားလည်း
အသိစိတ်ကြိုးဝိုင်းက ကာရံထား
ပုထုဇဉ်တိုင်း ကြုံရမဲ့ပွဲ...။ ။








Saturday, October 25, 2008

ရင်ထဲက...သံစဉ်လှိုင်း




ဦးနှောက် နဲ့ နှလုံးသားကြား...
ဗျာများရတဲ့အခါ...
ဘယ်အရာကို ဦးစားပေးရမလဲ...

ဘဝတစ်လျှောက် ဦးနှောက်ကို
အလေးပေးခဲ့တဲ့ ငါ...
တစ်ခါတစ်ရံ...
နှလုံးသားရဲ့ သံစဉ်တွေကိုလည်း
နားထောင်ချင်နေမိတယ်...

အခြေအနေပေးတဲ့အခါ
အဲဒီသံစဉ်တွေနဲ့...
သီချင်းတစ်ပုဒ် သီကုံးချင်နေမိတယ်...

ဒါပေမဲ့လည်း...
အသိတရားက ငါရဲ့ဖြစ်ချင်မှုကို
မျက်နှာသာမပေး...
ဖြစ်သင့်မှုနဲ့ အစားထိုးခဲ့...

ဖြစ်သင့်တာတွေကိုပဲ ဦးစားပေးခဲ့တဲ့ငါ...
ပေးဆပ်မှုနဲ့ ထိုက်တန်တဲ့ရလဒ်ကို...
ယုံကြည်စွာ မျှော်လင့်တောင့်တရင်း.....။ ။




Sunday, October 5, 2008

Words for life

"Your talent is God's gift to you.
What you do with it is your gift back to God. " 
~ Leo Buscaglia

"The future depends on what we do in the present." 
~ Mahatma Gandhi


"In three words I can sum up everything I've learned about life: 
It goes on. " 
~ Robert Frost


"Don't judge each day by the harvest you reap,
but by the seeds you plant." 
~Robert Louis Stevenson