ဦးနှောက် နဲ့ နှလုံးသားကြား...
ဗျာများရတဲ့အခါ...
ဘယ်အရာကို ဦးစားပေးရမလဲ...
ဘဝတစ်လျှောက် ဦးနှောက်ကို
အလေးပေးခဲ့တဲ့ ငါ...
တစ်ခါတစ်ရံ...
နှလုံးသားရဲ့ သံစဉ်တွေကိုလည်း
နားထောင်ချင်နေမိတယ်...
အခြေအနေပေးတဲ့အခါ
အဲဒီသံစဉ်တွေနဲ့...
သီချင်းတစ်ပုဒ် သီကုံးချင်နေမိတယ်...
ဒါပေမဲ့လည်း...
အသိတရားက ငါရဲ့ဖြစ်ချင်မှုကို
မျက်နှာသာမပေး...
ဖြစ်သင့်မှုနဲ့ အစားထိုးခဲ့...
ဖြစ်သင့်တာတွေကိုပဲ ဦးစားပေးခဲ့တဲ့ငါ...
ပေးဆပ်မှုနဲ့ ထိုက်တန်တဲ့ရလဒ်ကို...
ယုံကြည်စွာ မျှော်လင့်တောင့်တရင်း.....။ ။
့
4 comments:
born2bIdol...နာမည်နဲ့လိုက်တယ်... but I believe someday...sometime... you will be able to do the thing that you wish.. jia you :P
တစ်ခါတစ်ခါလဲ နှလုံးသားရဲ့ သံစဉ်လေးတွေ နားထောင်ဦးမှပေါ့ဟယ်
နားထောင်လို့တော်တော်ကောင်းတယ်နော်
anyway, ရလဒ်ကောင်းတွေဘဲ အမြဲရပါစေ...
nice poem !!! sometimes, doing according to the wish of ur heart is good for u and don't b considerate so much. just do as u wish. K?
:-)
ဒီကောင်ကြီး တရားထိုင်ရင်း မိန်းမလိုချင်နေပြီ ထင်တယ် ... ။
Juneless ကတော့ "နားထောင်လို့တော်တော်ကောင်းတယ်နော်" တဲ့ ..
Khin thiri min နဲ့ Ei may Thwe က လည်း မီးလောင်ရာ လေပင့်နေကြပြီ .... hEEE E).. E) ..
ကဲလိုက်ပေတော့ကို့ လူရေ .......
Post a Comment