Saturday, October 25, 2008

ရင်ထဲက...သံစဉ်လှိုင်း




ဦးနှောက် နဲ့ နှလုံးသားကြား...
ဗျာများရတဲ့အခါ...
ဘယ်အရာကို ဦးစားပေးရမလဲ...

ဘဝတစ်လျှောက် ဦးနှောက်ကို
အလေးပေးခဲ့တဲ့ ငါ...
တစ်ခါတစ်ရံ...
နှလုံးသားရဲ့ သံစဉ်တွေကိုလည်း
နားထောင်ချင်နေမိတယ်...

အခြေအနေပေးတဲ့အခါ
အဲဒီသံစဉ်တွေနဲ့...
သီချင်းတစ်ပုဒ် သီကုံးချင်နေမိတယ်...

ဒါပေမဲ့လည်း...
အသိတရားက ငါရဲ့ဖြစ်ချင်မှုကို
မျက်နှာသာမပေး...
ဖြစ်သင့်မှုနဲ့ အစားထိုးခဲ့...

ဖြစ်သင့်တာတွေကိုပဲ ဦးစားပေးခဲ့တဲ့ငါ...
ပေးဆပ်မှုနဲ့ ထိုက်တန်တဲ့ရလဒ်ကို...
ယုံကြည်စွာ မျှော်လင့်တောင့်တရင်း.....။ ။




4 comments:

Khin Thiri Min said...

born2bIdol...နာမည်နဲ့လိုက်တယ်... but I believe someday...sometime... you will be able to do the thing that you wish.. jia you :P

Anonymous said...

တစ်ခါတစ်ခါလဲ နှလုံးသားရဲ့ သံစဉ်လေးတွေ နားထောင်ဦးမှပေါ့ဟယ်
နားထောင်လို့တော်တော်ကောင်းတယ်နော်
anyway, ရလဒ်ကောင်းတွေဘဲ အမြဲရပါစေ...

Unknown said...

nice poem !!! sometimes, doing according to the wish of ur heart is good for u and don't b considerate so much. just do as u wish. K?
:-)

အလင်္ကာ said...

ဒီကောင်ကြီး တရားထိုင်ရင်း မိန်းမလိုချင်နေပြီ ထင်တယ် ... ။

Juneless ကတော့ "နားထောင်လို့တော်တော်ကောင်းတယ်နော်" တဲ့ ..

Khin thiri min နဲ့ Ei may Thwe က လည်း မီးလောင်ရာ လေပင့်နေကြပြီ .... hEEE E).. E) ..
ကဲလိုက်ပေတော့ကို့ လူရေ .......