Monday, October 27, 2008

ကစားပွဲ

သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြတဲ့ပွဲ...
မာနတွေ အာဃာတတွေဖုံးလွှမ်းနေတဲ့ပွဲ...
လောဘတွေကို အရည်ကျိုသောက်
ဒေါသတွေကို ဖွင့်ဟတဲ့ပွဲ...
မောပန်းနွမ်းနယ်မှုတွေကို လျစ်လျူရှု
တပ်မက်မှုကို ဦးတည်တဲ့ပွဲ...
လောကဓံရဲ့ နှစ်မြှုပ်မှုမှာ
ခါးစည်းခံရတဲ့ပွဲ...
မျက်စိတစ်မှိတ် တစ်ခဏမှာ
ရလဒ်တွေ ဗြောင်းဆန်နိုင်တဲ့ပွဲ...

ဒ်ီပွဲက နှုတ်ထွက်ဖို့ကြိုးစားလည်း
အသိစိတ်ကြိုးဝိုင်းက ကာရံထား
ပုထုဇဉ်တိုင်း ကြုံရမဲ့ပွဲ...။ ။








4 comments:

Khin Thiri Min said...

အင်း....ရှောင်လွှဲလို့မရမှတော့ ဘယ်လိုရင်ဆိုင်မလဲလို့ စဉ်းစားထားတာ ပိုကောင်းတယ်ဟုတ်...
ဒါပေမယ့် ပြိုင်ပွဲခဏနားတဲ့ အချိန်လေးမှာတော့ ပင်ပန်းစေတဲ့အရာအားလုံးကိုမေ့ထားဖို့ မမေ့နဲ့နော်...မဟုတ်ရင် ဘ၀ကြီးကအဓိပ္ပာယ်မဲ့သွားလိမ့်မယ်... :)

အလင်္ကာ said...

အသိစိတ်က ချုပ်ကိုင် ထားတယ် ???

ငါ့အထင် ..
ငါတို့ မွေးကတည်းက နှုတ်ထွက်ခြင်း " permit " ကို မရဏမင်း က သိမ်းထား သလားလို့.........။

Anonymous said...

မရဏမင်းက သိမ်းထားလို့တော့ မဟုတ်လောက်ဘူး။
ငါတို့ရဲ့ မမြင်နိုင်တဲ့ သံယောဇဉ်ကြိုးတွေကြောင့် ကစားပွဲက ထွက်မရတာဖြစ်မယ်။
Blogger ကြီးရေ... ရှင်းပေးဦးဟ....

AUNG said...

ကစားပွဲဆိုတာ လူသားတွေအတွက် လောကကြီးက တမင်ဖန်ဆင်းပေးထားတာဘဲ. . . ပျော်ပျော်ကြီးကစားကြတာပေါ့. . .

ဒါပေမဲ့. . .
မာနတွေကို ခဝါချ၊
တပ်မက်မှုကို လျစ်လျူရှုပြီး
ရလာဒ်တွေရဲ့ အလွန်ကို
တစ်ချက်လောက် ကြည့်ကြည့် လိုက်ပါ. . .

"မင်းအတွက် ဘာများကျန်ခဲ့မှာလဲလို့ . . . "